ဇီးရိုင်းချောင်းတံတား ပျက်စီးမှုအား နေပြည်တော်ကောင်စီအဖွဲ့ ကွင်းဆင်းစစ်ဆေး
စက်တင်ဘာ ၈
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် သစ်တွန်အုပ်စုတွင် တောင်ကျချောင်းရေ ရုတ်တရက်စီးဆင်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဇီးရိုင်းချောင်းတံတားနှင့် ရေဝင်ရောက်ခဲ့သည့်နေရာများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် အဖွဲ့က စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လမ်းတံတားဆောက်လုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး တောင်ကျရေဝင်ရောက်မှုနှင့် တံတားပျက်စီးမှုအခြေအနေများကို စစ်ဆေးခဲ့ကြသည်။
TruthZoneOnline
20
5
1September 8, 2026 644 2 1


