အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါက
သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ခွင့်ပြုမည်မဟုတ်

ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS  အမျိုးအစားမှ  PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး

ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးထားသည်။

ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် အဆိုပါကန့်သတ်ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍29👌1
September 4, 2026 916 1