ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သေဆုံးမှုအတွက် နစ်နာကြေးရရှိရေး ကူညီဆောင်ရွက်
စက်တင်ဘာ ၄
ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင် ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျသေဆုံးခဲ့သည့် မြန်မာအလုပ်သမား ဦးသန်းမင်းထွန်း(ခ) သဲမင်းထွန်းအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံး(ဗန်ကောက်)က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးသန်းမင်းထွန်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို စက်တင်ဘာ ၂ ရက်တွင် ဆေးရုံမှ ထုတ်ယူကာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်သည် အလုပ်ခွင်နှင့် ဆက်စပ်သဖြင့် ထိုင်းနိုင်ငံဥပဒေအရ မိသားစုဝင်များ ရသင့်ရထိုက်သည့် နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ဆက်လက်ကူညီညှိနှိုင်းပေးလျက်ရှိကြောင်း သိရသည်။
TruthZoneOnline
8
5September 5, 2026 103

