ရေကြီးရေလျှံမှုကြောင့် လှည်းကူး မဟာစည်သာသနာ့ရိပ်သာ၏ (၇) ရက် အထူးတရားစခန်း ဖျက်သိမ်း
စက်တင်ဘာ ၄
လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာတွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဝါတွင်းကာလ (၇) ရက် အထူးတရားစခန်းကို ရေကြီးရေလျှံမှုကြောင့် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ယောဂီနားနေဆောင်များ ရေလွတ်နေသော်လည်း မိလ္လာကန်များ ရေဝင်ပြည့်လျှံခြင်းနှင့် ရိပ်သာပတ်ဝန်းကျင် ရေဝန်းရံနေခြင်းတို့ကြောင့် တရားစခန်းဖွင့်ရန် အဆင်မပြေသဖြင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။ စာရင်းပေးသွင်းထားသူများကိုလည်း တရားစခန်းမဖွင့်နိုင်တော့ကြောင်း ဖုန်းဖြင့် အသိပေးသွားမည်ဖြစ်သည်။
TruthZoneOnline
21
9
4
2September 5, 2026 620 1 1


