နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်‌ ရေဆင်းကူးရာ အမျိုးသမီးနှစ်ဦး‌… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်‌ ရေဆင်းကူးရာ အမျိုးသမီးနှစ်ဦး‌ ရေနစ်သေဆုံး

စက်တင်ဘာ ၄


နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် စက်တင်ဘာ ၄ ရက် ယနေ့ညနေ ၄ နာရီခွဲက အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး ရေဆင်းကူးရာမှ အမျိုးသမီးနှစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း  တပ်ကုန်းမြို့နယ် မီးသတ်စခန်းမှသိရသည်။

အဆိုပါ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အမျိုးသမီးနှစ်ဦး (သေဆုံး)အား တွေ့ရှိခဲ့ပြီး တပ်ကုန်း မြို့နယ် ခုတင် (၁၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

TruthZoneOnline
😱16😢12❤2🤔1🕊1
September 5, 2026 895 1 1