ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတို့ကိုအမြဲမ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတို့ကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လယ်ဆည်ဝန်ကြီးမှာကြား

စက်တင်ဘာလ ၅ရက်

မိုးရာသီ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတို့ကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာထူးမောင် ကမှာကြားသည်။

စက်တင်ဘာ ၄ ရက်က လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ မူလငမိုးရိပ်ရေလှောင်တမံနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)လမ်းမကြီးရှိ ငမိုးရိပ်ရေထိန်းတံခါးတို့ကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

မူလငမိုးရိပ်ရေလှောင်တမံတွင် တမံအတွင်းရေဝင်ရောက်မှုနှင့် စိုးရိမ်ရေမှတ်အခြေအနေ၊ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုနှင့် တမံကြံ့ခိုင်မှု၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ရေတံခါးများ ဖွင့်/ပိတ်ပင်ဆောင်ရွက်ထားမှု၊ ရေ စီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

TruthZoneOnline
👍7❤2
September 5, 2026 296