နီပေါနိုင်ငံ ရေဘေးနှင့် မြေပြိုဘေးသင့်ဒေသများအတွက် မြန်မာအစိုးရက… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နီပေါနိုင်ငံ ရေဘေးနှင့် မြေပြိုဘေးသင့်ဒေသများအတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲ ၈ တန် လှူဒါန်း

စက်တင်ဘာ ၂

နီပေါနိုင်ငံ မြောက်ပိုင်းရှိ Rasuwa ခရိုင်နှင့် အနီးတဝိုက်ဒေသများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲ ၈ တန်ကို စက်တင်ဘာ ၂ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကူအညီများကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM) သို့ ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပဲ ၈ တန်တွင် မတ်ပဲ ၅ တန်နှင့် ကုလားပဲ ၃ တန် ပါဝင်ကြောင်း သိရသည်။

TruthZoneOnline
❤29👍16👏3🤝1🫡1
September 3, 2026 817 1