တောင်ငူခရိုင် MSMEs လုပ်ငန်းရှင်များနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် တွေ့ဆုံ
စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များအား ယမန်နေ့နံနက်ပိုင်းတွင် တောင်ငူမြို့ ခပေါင်းခန်းမ၌ တွေ့ဆုံခဲ့သည်။
ဝန်ကြီးချုပ်က တောင်ငူဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ကုန်များ ပေါကြွယ်ဝပြီး MSME ကဏ္ဍ ဖွံ့ဖြိုးရန် အလားအလာကောင်းများရှိသဖြင့် နည်းပညာနှင့် ခေတ်မီစက်ပစ္စည်းများ အသုံးပြု၍ ထုတ်ကုန်တန်ဖိုးမြှင့်တင်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ရန် ပြောကြားသည်။ ထို့နောက် လုပ်ငန်းရှင်များ၏ အခက်အခဲများကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် MSMEs လုပ်ငန်းရှင် ၁၂၅ ဦး၏ ဒေသထုတ်ကုန်၊ လယ်ယာသုံးစက်ကိရိယာနှင့် စားသောက်ကုန်ပြခန်းများကို ကြည့်ရှုအားပေးခဲ့ပြီး “သဇင်ဝါ” ကိတ်နှင့် ပေါင်မုန့်လုပ်ငန်း၊ “ဖီးနပ်” ဇီဝမီးသွေးဖိုလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုကာ ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ သီးနှံအခြောက်ခံစက်များ ထုတ်လုပ်ရေးနှင့် Biochar ပြန်လည်အသုံးပြုရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
17
9
1September 4, 2026 793 2









