တောင်ကြီး - အေးသာယာ အဆင်းလမ်းဘေး ချောက်အတွင်းသို့ ယာဉ်တစ်စီး ထိုးကျ တိမ်းမှောက်
စက်တင်ဘာ ၃ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး - အေးသာယာ အဆင်းလမ်းရှိ လမ်းဘေးချောက် အတွင်းသို့ မော်တော်ယာဉ် တစ်စီး စက်တင်ဘာလ ၂ ရက်၊ ညပိုင်းက ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့မှ အေးသာယာမြို့သို့ မောင်းနှင်လာသော Alphard မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ် ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်တွင် ပါရှိသည့် အမျိုးသား ၂ ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းအား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အရေးယူနိုင်ရေး ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
TruthZoneOnline

17
7
3
1September 4, 2026 1K 2 2