တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ ဆေးကုသမှုခံယူနေသူများအား… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

စက်တင်ဘာ ၅


တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများတွင် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်တွင် တာဝန်ရှိသူများက တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

TruthZoneOnline
❤13👍8👏2
September 5, 2026 608 1 1