လပွတ္တာတွင် ဒုတိယအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လပွတ္တာတွင် ဒုတိယအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ

စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်သည် လပွတ္တာမြို့နယ် ကသပေါင်းကျေးရွာ၌ ကျင်းပသည့် မြို့နယ်အဆင့် ဒုတိယအကြိမ် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာစုပေါင်းလက်ချည်ပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကရင်ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ထိန်းသိမ်း၍ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ခိုင်မာစေရေး ဆောင်ရွက်ရန် ဝန်ကြီးက တိုက်တွန်းပြောကြားသည်။

ထို့နောက် ရိုးရာအစဉ်အလာများနှင့်အညီ ချည်ဖြူဖွဲ့၍ ဧည့်သည်တော်များ၊ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများအား မင်္ဂလာပြုခဲ့ကြပြီး အဆိုပါပွဲကို ကရင်ရိုးရာယဉ်ကျေးမှုဓလေ့များ ထိန်းသိမ်းဖော်ထုတ်ကာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တိုးမြှင့်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍14❤1👏1
September 5, 2026 730 2 1