🇲🇲 Truth Zone Online 🇲🇲: post #35674 — TG.ME

မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် အာဆီယံနှင့် ရုရှားနိုင်ငံတိုအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ကဏ္ဍများ၌ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတိုအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

TruthZoneOnline
👍26❤4🤝3