မန္တလေး၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မန္တလေး၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်လှစ်

စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုတေးသီချင်းနှင့် အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍28❤6👏2🥰1
September 3, 2026 1K 1 2