ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
စက်တင်ဘာ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတဝန်ကြီး ဦးဝင်းဇော်ဦးနှင့်အတူ ဖလမ်းမြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
ဖလမ်းမြို့ရှိ ဌာန ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးအဆောက်အအုံ ၂၀၈ ခုကို ကျပ် ၉၆၀၁ ဒသမ ၂၆၈၂၇ သန်းဖြင့် ကုမ္ပဏီ ၁၄၈ ခုက ဩဂုတ် ၃ ရက်မှစ၍ ပြုပြင်နေပြီး ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်းပျက်စီးအဆောက်အအုံ ၅၀ နှင့် အလုံးစုံပျက်စီးအဆောက်အအုံ ၇၂ ခုကိုလည်း ဆက်လက်ပြုပြင်သွားမည်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့နောက် ပြန်လည်ပြုပြင်နေသည့် ဌာနရုံးများ၊ ပြည်သူ့ဆေးရုံနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဖလမ်းမြို့တော်ခန်းမရှိ ယာယီဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
TruthZoneOnline
16
5
3
1September 3, 2026 535 1 1









