🇲🇲 Truth Zone Online 🇲🇲: post #35670 — TG.ME

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား လာမည့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် တပ်မတော်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်မည်
====================================
မြန်မာနိုင်ငံအစိုးရအနေဖြင့် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁,၀၈၆  ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။

ယခုအခါ အလားတူပင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များ ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁,၄၇၆ ဦးအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

သို့ရာတွင် မလေးရှားနိုင်ငံဘက်မှ အထက်ပါနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန် အဆင်ပြေမှုမရှိပါကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြန်လည်စီစဉ်ရန် အဆိုပြုလာပါသဖြင့် မြန်မာအစိုးရသည် မလေးရှားနိုင်ငံဘက်မှ အဆိုပြုသည့်နေ့ရက်များတွင် ခရီးစဉ်အား ပြန်လည်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
❤15👍11👌2