ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု စတင်ဖြစ်ပွား

စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယနေ့ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းမှစတင်ကာ မြို့တွင်းရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့တွင်းသွားလာရေးများ အခက်အခဲရှိနေပြီး နိမ့်ပါးသည့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် ပြင်ဆင်နေကြရကြောင်း သိရသည်။

TruthZoneOnline
😢14👍5❤3😱2🙏1
September 2, 2026 999 2