Spring Talk: post #522 — TG.ME

"မြို့ပြ အကြောင်း သိကောင်းစရာ (Urban Planning & Design)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း

https://forms.gle/TkoT84CmFT7Aq47H7

🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Dr. Archi 004 (Architecture BoE)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 
🗣 ဤသင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ BECA ဖြေဆိုပြီးမြောက်ထားသူများ၊ ဗိသုကာ/အင်ယာတက်ရောက်နေသူများနှင့် ဘွဲ့ရပြီးသူများ၊ Urban Planning & Design ဘာသာရပ်ကို စိတ်ဝင်စားသူများ၊ Volunteer ဆရာ/မများနှင့် CDM ဆရာ/မများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ တက်ရောက်နိုင်ပါသည်။
🗓 သင်တန်းကာလသည် (၃၀.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္ဂနွေ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၆) ရက်၊ သင်တန်းချိန် နာရီ (၁၂-၁၄) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၃၀.၈.၂၀၂၆) မှ (၄.၁၀.၂၀၂၆) ထိလျာထားပါသည်။
🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၂၄.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
Google Docs
"မြို့ပြ အကြောင်း သိကောင်းစရာ (Urban Planning & Design)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း
Cooperation with Dr. Archi (Architecture BoE) and organized by CDMA & HR Deptment, Higher Education at NUG-MOE.
❤6
August 18, 2026 339 4