Spring Talk: post #519 — TG.ME

"အခြေခံစာရင်းကိုင် (Book-keeping)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း

https://forms.gle/hx7W8D78Sa8AWiTo8

🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊  (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Tr. Moana (Bago UIC, Bago Region Higher Education Network)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့်  ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။
🗓 သင်တန်းကာလသည် (၂၄.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္လာနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၅) ရက်၊ သင်တန်းချိန် နာရီ (၁၀-၁၂) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၄.၈.၂၀၂၆) မှ (၂၁.၉.၂၀၂၆) ထိလျာထားပါသည်။
တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၁၇.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
Google Docs
"အခြေခံစာရင်းကိုင် (Book-keeping)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း
Cooperation with Tr. Moana (Bago UIC, BRHEN) and organized by CDMA & HR Dept., Higher Education at NUG-MOE.
❤7🕊1
August 11, 2026 681 8