Homework (အိမ်စာ) ပေးခြင်း
အိမ်စာတွေပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး Duke တက္ကသိုလ်က ပညာရေးစိတ်ပညာရှင် ပါမောက္ခ Harris Cooper ရဲ့ လေ့လာချက်တွေနဲ့ အမေရိကန် စိတ်ပညာအသင်း (APA) ရဲ့ အထောက်အထားတွေအရ "အိမ်စာ တရားလွန် ပေးခြင်းရဲ့ ဆိုးကျိုးများ" ကို အခိုင်အမာ ထောက်ပြထားပါတယ်။
သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး အိမ်စာတွေ အများကြီး ပေးလိုက်တဲ့အခါ ကလေးရဲ့ ပညာရေးတိုးတက်မှုအပေါ် မည်သည့်ကောင်းကျိုးမှ သက်ရောက်မှုမရှိတော့ပါဘူး။
ဦးနှောက်ဖွံ့ဖြိုးမှုကို ဟန့်တားခြင်း - စာရေးချခိုင်းတာထက် ဖတ်ရှုလေ့လာခြင်းကသာ ဦးနှောက်ကို ပိုဖွံ့ဖြိုးစေတာမို့၊ ကူးရေးခိုင်းတာ များလေလေ ကလေးရဲ့ စဉ်းစားတွေးခေါ်ဉာဏ် တုံးအလေလေ ဖြစ်သွားတတ်ပါတယ်။
နားလည်မှုမပါဘဲ စက်ရုပ်လို ကူးရေးနေရတဲ့အခါ စိတ်ဖိစီးမှုများလာတတ်ပြီး ကျောင်းစာကို ရွံရှာမုန်းတီးသွားတတ်ပါတယ်။
Credit: နိုင်ဝင်းလတ်_ဂုဏ်ထူးဇီဝ














