ဖက်ဒရယ်ဒီမိုကရေစီနှင့်
လူငယ် စွမ်းရည်မြှင့်သင်တန်း
👉အပတ်စဥ်(၁)(Batch-1) သင်တန်းသူ၊ သင်တန်းသားများခေါ်ယူခြင်း....
👉 ဒဖက်ဒရယ်ဒီမိုကရေစီနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်း လျှောက်လွှာခေါ် ယူခြင်း
👉အပတ်စဉ် (၁) 👈
📌 Federalism for Youth (F2Y) Program အနေဖြင့် လူငယ်နှင့် ဖက်ဒရယ်ရေးရာ အခြေခံ သိကောင်းစရာသင်တန်းများကို ၂၀၂၂ ခုနှစ်မှ စတင်ကာ ပိုချလျက်ရှိပါသည်။
📌 လူငယ်များအနေဖြင့် ဖက်ဒရယ်ရေးရာအကြောင်းအရာများအား ပိုမိုသိရှိလာစေရန် (၇)ရက်တာသင်တန်းတစ်ခုကို ကျင်းပသွားမည်ဖြစ်သည်။
📌 ရည်ရွယ်ချက်မှာ လူငယ်များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ရေးရာများအား နားလည် သဘောပေါက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်စဉ်တွင် တက်ကြွစွာပါဝင်လာ စေရန်ရည် ရွယ်ပါသည်။
📌 စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် ၂၀၂၅ ၊ ဒီဇင်ဘာလ ၊ (၂၀) ရက်နေ့ နောက် ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။
📌 တက်ရောက်ခွင့်ရသူများကို ဒီဇင်ဘာလ ၊ (၃၀) ရက်နေ့ နောက်ဆုံးအကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။
ရွေးချယ်သွားမည့် သင်တန်းသားဉီးရေ - (၂၀) ယောက်
📮 တက်ရောက်နိုင်သူများ -
🖇အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိသူ ဖြစ်ရမည်။
🖇 ဒီမိုကရေစီနှငိ့ဖက်ဒရယ်ရေးရာ အခြေခံ အကြောင်းအရာများအား လေ့လာဖူးသူ (သိုမဟုတ်) စိတ်ဝင်စားသူနှင့် မိမိသက်ဆိုင်ရာနယ်ပယ်တွင် ခေါင်းဆောင်မှုပြုလုပ်နေသူများကို ဦးစားပေးရွေးချယ်မည်။
🖇 သင်တန်းရက်၊ အချိန်များအား အချိန်ပြည့်တက်ရောက်ပေးနိုင်သူဖြစ်ရမည်။
🖇 သင်တန်းတစ်ခုလျှင် (၂၀) ဦး ရွေချယ်မည်ဖြစ်ပြီး နေရာဒေသ၊ တိုင်းရင်းသားလူမျိုး၊ ကျား/မ စသဖြင့် အချိုးညီမျှစွာ ရွေးချယ်မည်ဖြစ်သည်။
👉 ပံ့ပိုးပေးမည်များ -
📮 သင်တန်းရက် အချိန်ပြည့်တက်ရောက်သူများကို သင်တန်းပြီးမြှောက်ကြောင်း လက်မှတ် (Certificate) ပေးအပ်မည်။
📮 အင်တာနက်အသုံးပြုကျသင့်ဘေလ် ပံ့ပိုးပေးမည်။
👉 သင်တန်းဝင်ခွင့်လျှောက်လွှာဖြည့်ရန် -https://docs.google.com/forms/d/e/1FAIpQLSdFnrFgQRYm0RCLh8m6OemAyZX78hDv06jb-YTgLc_lD9g4yw/viewform?usp=header
မှတ်ချက် ။ ။ အရေအတွက်ကန့်သတ်ထားသောကြောင့် လျှောက်လွှာအား အမြန်ဆုံး ဖြည့်ပေးကြရန် အကြံပြု ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် ရွေးချယ်မခံရပါက နောက်အပတ်စဉ်များတွင် တက်ရောက်ခွင့်ရရန် လျှောက် ထားနိုင်ပါသည်။
📌 ကြာချိန် - တစ်ရက် (၃) နာရီ - ( ညနေ (၅ : ၀၀) နာရီ မှ (၈ : ၀၀) နာရီအထိ )
📌 သင်တန်းကာလ - ဇန်နဝါရီလ ၊ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ (တနင်္ဂနွေ မှ စနေနေ့အထိ)
📌 နေရာ - Zoom (Online)
*📮📮📮*











