RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25234 — TG.ME

နောက်ပုံမလာတစ်ခုက အမျိုးသားဇာတ်ရုံကြီးမှာ
လူအများထိုင်ကြည့်နေတဲ့ရှေ့

ပျက်တဲ့ပျက်လုံးက ကုတင်စုတ်တစ်လုံးချပြီး
အမျိုးသမီးက ပက်လက်လှန်အိပ်ပြနေပြီး
တက်တက်ခွပြတဲ့ ဟာသတစ်ခန်းရပ်

မဖြစ်သင့်လိုက်တာဆိုတာဗျာ

ခုဒိီပိုစ့်ကိုတင်လို့
စမ်းရေမိုး မုန်းသလားဆိုလည်းအမုန်းမရှိ ၊
တော်တဲ့ လူငယ်လေးမို့ သဘင်လောက
အတွက်လည်း အကျိုးရှိသော အဖိုးတန်သော
မင်းသားလေးဟုသာမြင်ပါတယ် ။

မဖြစ်သင့်သည်ကိုသာ ထောက်ပြခြင်းဖြစ်ကြောင်း
လေနဲ့ဝမ်းကွဲပြားစေလိုပါတယ်

အောင်ဇဗ္ဗူဇာတ်တွင် လူရွှင်တော်များပျက်လုံးပျက်
တာလည်း ခုထက်ဆိုးဝါးသော တက်ခွပြသော
အမြင်ပို၍ရိုင်းသော အခန်းကိုလည်း အားမပေး
ရှုံချသည်သာ

အဲ့ဒိတုန်းကလည်း အများသူငါ ပြောခဲ့ကြ
ထောက်ပြဝေဖန်ခဲ့ကြသည်သာ

ယခုလည်း မဖြစ်သင့်ကြောင်းး ပြောခြင်းသာ

အထူးသဖြင့် အမျိုးသားဇာတ်ရုံတွင် ပို၍
ဤပျက်လုံးကိုမရွေးခြယ်သင့်ကြောင်းး
မတင်ဆက်သင့်ကြောင်း ရေးသားလိုက်ရပါတယ် ။

#whklt
❤1
August 27, 2026 31