⚠️ (၂၇/၈/၂၀၂၆) 🇳🇵 နီပေါ လျှပ်တပျက် ရေကြီး / ရေလျှံ ဖြစ်စဉ် .....
👉🏿 (၂၆/၈) နံနက် ၂း၅၂ နာရီ ( UTC ) ၊ နီပေါ မြောက်ပိုင်း Kidari ဒေသတွင် 5.2 M , အနက် 0.0 miles တွင်မြေကြီး လှုပ်ရှားတုန်ခါမှုရှိခဲ့ပါကြောင်း USGS မှတ်တမ်းအရ မှတ်တမ်းတင်ခဲ့ပါသည် ။
( 5.2 M သည် TNT ယမ်းတန်ချိန် 951 Tons ၊ 1945 ဟီရိုရှီးမား အတမ်ဗုံး၏ 25% - 30% ခန့်ရှိပါသည် )
👉🏿 USGS အပါအဝင် ပါတ်ဝန်းကျင်နှင့် အခြား ငလျှင်မှတ်တမ်းတင်စတေရှင်များ၏ မှတ်တမ်များအရ ထိုဒေသတွင် ကမ္ဘာ့ကျောက်မြေလွာထုများ ၊ ငလျှင်ပြတ်ရွေ့ကြောများ မရှိခဲ့ပါကြောင်း အတည်ပြုခဲ့ကြပါသည် ။
👉🏿 ဤသည်မှာ ထိုဒေသ ရေခဲတောင်များ ၊ ရေခဲထုအလွှာများ တည်ငြိမ်မှုမရှိကာ ကျောက်တုံး/ကျောက်ခဲ များအတူရေခဲထူအလွှာများ ထုထယ် အလုံးအရင်းဖြင့်ပြိုကျခြင်း ဖြစ်ခဲ့ခြင်း
ကြောင့်ဖြစ်ပါသည် ။
👉🏿 ထို့ကြောင်းကျဉ်းမြောင်းမတ်စောက်သော မြစ်ကြောင်း / ရေလမ်းကြောင်းကို ပိတ်ဆို့သလိုဖြစ်သွားကာ ယာယီ သဘာဝ တမံဖြစ်သွားကာ ရေခဲများအရည်ပျော်လာခြင်း ၊ အထက်ရေစီးမှရေများတိုးလာခြင်း ၊ ကျောက်တုံး / ကျောက်ခဲ များကြောင့် ရေမျက်နှာပြင်မြင့်တက် / ဖိအားများတိုးလာကာ အချိန်တခုတွင် ထို သဘာဝပိတ်ဆို့အတားအစီး တမံသည် ပွင့်ထွက်သွားကာ ရေများ / ကျောက်တုံးများ ၊ သစ်ပင်အပျက်အစီးများ ကျဉ်းမြောင်းသော မြစ်ကြောင်းအတိုင်း တဟုန်ထိုုး ရှိန်ကြီးမားစွာစီးဆင်းလာပါတော့သည် ။
👉🏿 တဟုန်ထိုး စီးဆင်းလာသောရေထုပမာဏသည်ကြီးမားပါသောကြောင့် ရေစီးကြောင်း ထိတွေ့ရာ အရာဝတ္ထုများ ၊ လူသုများ ကိုဆွဲချသွားခြင်းဖြစ်ကာ အပျက်အစီး ၊ သေကြေမှု ကြီးမားခြင်းဖြစ်ပါသည် ။ ကျန်တာတော့ အရင်ခဲ့သော Post ' ဗီဒီယိုကလစ်များတွင် မြင်ခဲ့ကြပြီးဖြစ်ပါသည် ။
👉🏿 ပညာရှင်များ ဆက်လက် စိစစ်လေ့လာ စမ်းစစ်လျက်ရှိနေပါသေးသည် ၊ အကျိုးအကြောင်းများ ဆက်လက်ထွက်ပေါ်လာပါဦးမည် ။
👉🏿 လက်ရှိ BBC ' update အရ သေဆုံး 359 ( အတည်ပြုပြီး ) ၊ ပျောက်ဆုံး 900 ကျော် ( နီပေါဖက်ပါ ) ၊ တိဗက် ( တရုတ်ပြည်ဖက်ခြမ်း ) မပါသေးပါ ။