မောက်မယ်မြို့နယ်မှာ PNLA တပ်ဖွဲ့ဝင်အချို့က ၎င်းတို့ရဲ့ မိသားစုဝင်နဲ့အတူ စုစုပေါင်း ၇၈ ဦး RCSS/SSA ထံ လာရောက်ပူးပေါင်း
27 Aug 2026
သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLO/PNLA)မှ ရဲဘော်အချို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်နဲ့အတူ စုစုပေါင်း ၇၈ ဦးဟာ ဒီကနေ့ သြဂုတ်လ ၂၇ ရက်က သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)ထံ လာရောက်ပူးပေါင်းတယ်လို့ သိရပါတယ်။


