အရှုံး အမြတ်
============
ယခင် အစိုးရ အဆက်ဆက် မီတာခ တက်ဖို့ နှစ်တိုင်းကြိုးစားလေ့ရှိတယ် ။ ဦးသိန်းစိန် လက်ထက်...
- 2012 ဇန္နဝါရီလမှာ တယူနစ် ၁၅ိ ကနေ ၃၅ိ ထိ တိုးကောင်ခဲ့တယ် ။
- 2014 ဧပြီလမှာ အုပ်စုခွဲ ကောက်ခံခဲ့ပေမယ် အခြေခံလူတန်းစားများအတွက် ယူနစ် ၂၀၀ အထိ ၃၅ိ ပဲ ကောက်ခံလို့ မသိသာလှဘူး ( စက်ရုံတွေက ထိခိုက်တယ် သွယ်ဝှိက်ပြီး ကုန်စျေးနှုံးတက်လာရတယ်)
- 2019 ဇူလှိုင်လမှာ ယူနစ် ၂၀၀ အထိ တယူနစ်စျေးနှုံး ၁၂၀ိ ဖြစ်သွားပြီး စျေးနှုံးအဆမတန် ထပ်တက်သွားတယ် ( ဦးသိန်းစိန် စျေးတက်တုန်းက ဆန္ဒပြခဲ့တဲ့ သူတွေ အုပ်ချုပ်နေပြီ)
- 2024 စက်တင်ဘာလမှာ ယူနစ် ၂၀၀ အထိ တယူနစ်ကို ၁၅၀ိ တက်သွားပြီ ။
စက်မှုလုပ်ငန်းရှင်တွေအတွက် သူ့အုပ်စုနဲ့သူ လိုက်တက်ကြပါတယ် နားရှုပ်မှာစိုးလို့ အခြေခံအုပ်စုအတွက်ပဲ ရှင်းပြလိုက်ရပါတယ် ။
ကဲ အစိုးရ ၃ ရပ်ရဲ့ ၅ နှစ်အတွင်း ပြည်သူအပေါ် နှိပ်စက်ခြင်း ရာခိုင်နှုံးတွေကို တွက်ကြည့်ပါ့မယ် ။
- ဦးသိန်းစိန် 133.33 %
- ဒေါ်စုကြည် 242.86 %
- ဦးမင်းအောင်လှိုင် 25 %
နောက်ဆက်တွဲ ထုတ်လုပ်မှုစရိတ် တိုးနှုံးတွေကတော့ သွေးတက်ကုန်မှာစိုးလို့ တွက်မပြတော့ပါဘူး ။
ဘယ်အစိုးရ လက်ထက်ဖြစ်ဖြစ် မီတာခစျေးတက်ရတဲ့ အကြောင်းပြချက်က တခုတည်းပဲ ။ လျှပ်စစ်ဝန်ကြီးဌာန အရှုံးပေါ်လို့ဆိုတဲ့ အဖြေပဲ ။ OK ပါ အစိုးရအနေနဲ့ ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ရတဲ့ နေရာမှာ အများပြည်သူခရီးသွာလာရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ရေ ၊ လျှပ်စစ် ကဏ္ဏတွေအတွက် လိုအပ်ရင် အရှုံးခံရပါတယ် ။
- အခွန်အခ ပေါင်းစုံ....သယံဇာတပေါင်းစုံ... မြေ / ရေ ငှားရမ်းခ ပေါင်းစုံ ကနေ အစိုးရက ငွေပြန်ရှာရပါတယ် ။
ကဲ လျှပ်စစ်ကဏ္ဏပြန်လေ့လာကြပါစို့ ။ ရှုံးတယ် ရှုံးတယ် နဲ့ ပြောခဲ့တဲ့ ဝန်ကြီးတွေ အစိုးရ ၃ ဆက်အထိ ရှိခဲ့ပါတယ် ။ ယခု လက်ရှိ ဝန်ကြီးလက်ထက်မှာ လျှပ်စစ်မီး ခိုးသုံးတဲ့ စက်မှုလုပ်ငန်းရှင် အနည်းငယ်ကို စစ်ဆေးလိုက်ရာ တဦးခြင်းကိုပဲ သိန်းပေါင်း သောင်းချီ ခိုးယူသုံးစွဲထားတာ မိပါတယ် ။
ဝန်ထမ်းမပါပဲ ဘယ်လိုမှ ခိုးမရပါဘူး ။ ဒီတော့ ရှုံးပါတယ်ဆိုပြီး တက်ယူခဲ့တဲ့ မီတာခတွေဟာ သူခိုးဝန်ထမ်းနဲ့ သူခိုးစက်လုပ်ငန်းရှင်အတွက် ဖြစ်ခဲ့ရပြီ ။ ဒါဆို မီတာခတွေ ပြန်ချဖို့ သုံးသပ်ဖို့ မလိုဖူးလား တွေးချင်စရာနော်.....
ဟော လာပြန်ပြီ ဘက်စ်ကားခတွေ တိုးတောင်းဖို့ လုပ်ပြန်ပြီ ။ YBS ဆိုတာ ဖြိုးမင်းသိန်း နိုင်ငံတော်ဘက်ဂျက်တွေသုံးပြီး အစုဝင်ထားတဲ့ ရှယ်ယာစီးပွားရေးလို့ သိထားပါတယ် ။
ဆင်းရဲသားပဲ စီးနေရတဲ့ ဘက်စ်ကားကို ၁၀၀ ပဲ တိုးတိုး ၂၀၀ ပဲ တိုးတိုး နေ့စဥ် စီးနေရတဲ့ ပြည်သူတွေအတွက် စျေးကြီးနေတဲ့ ကြက်ဥ တလုံးစာမက အပိုကုန်ရပါတယ် ။ ဘက်စ်ကား ရှုံးတယ်ဆိုတော့ လျှပ်စစ်ဝန်ကြီးဌာန ရှုံးသလို သူခိုးတွေကြောင့် မဟုတ်တာ သေချာပြီလား.... အစိုးရက အမြတ်အစွန်းအတွက်ပဲ ပြည်သူ့ဝန်ဆောင်မှု ပေးတော့မှာလား... ? ရှုံးသင့်တဲ့ လုပ်ငန်း အရှုံးခံနိုင်တဲ့ ပမာဏထိ ရှုံးပေးကြဖို့ မစဥ်းစားတော့ဘူးလား...?
အစိုးရ ဝန်ကြီးဌာနတွေကချည်း ချမ်းသာဖို့ စဥ်းစားလုပ်ကိုင်နေကြရင်ဖြင့် ပြည်သူကတော့ မွဲသထက် မွဲနေကြအုံးမှာပဲ ။ ယခု စျေးကွက်စီးပွားရေး ကျင့်သုံးရာမှာ ရောပြွန်းစီးပွားရေး စနစ်နဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ် ။
ပုဂ္ဂလိက မတတ်နိုင်တဲ့ လုပ်ငန်းကြီးတွေကို အစိုးရက ရင်းနှီးမြှပ်နှံရတာ ရောပြွနိးစီးပွားရေး စနစ်ပါ ။ ဒီလို အများပြည်သူ အကျိုးပြု YBS လို လုပ်ငန်းကို အစိုးရပိုင် လုပ်ပြီး အရှုံးခံ လုပ်ပေးဖို့ လိုပါတယ် ။ မလုပ်နိုင်ရင် ပုဂ္ဂလိကကို EV ပါမစ်တွေ အခမဲ့ပေးပြီး အစိုးရက အားသွင်းစက်ထူထောင် ကူညီပေးသင့်ပါတယ် ။
အစိုးရချမ်းသာပြီး ပြည်သူက မွဲသထက်မွဲလာရင် အဲဒီတိုင်းပြည်က ကျက်သရေတုံးတဲ့ တိုင်းပြည်ပဲ ဖြစ်နေပါလိမ့်မယ် ။
ကိုရွှေမျိုးဝင်း
Forwarded fromKo Myo Win
6
1August 16, 2026 119 2