မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတပြောကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။



















