ထောက်ကြန့် သီရိရတနာဈေးသစ်တွင် အကြွေးကိစ္စဖြင့် ဓားထိုးမှုဖြစ်ပွား၊… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ထောက်ကြန့် သီရိရတနာဈေးသစ်တွင် အကြွေးကိစ္စဖြင့် ဓားထိုးမှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦး သေဆုံး

စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ သီရိရတနာဈေးသစ်အတွင်း၌ စက်တင်ဘာ ၁ ရက်က အမျိုးသမီး ၂ ဦး အကြွေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ စံပြရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းမြဖြစ်ပြီး ရွာမရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဒေါ်မေလင်း (ခ) အသေးလေးက ၇ လက်မကျော် ဟင်းလှီးဓားဖြင့် မျက်နှာ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့ကို အနည်းဆုံး ၈ ချက်ခန့် ထိုးနှက်ခဲ့သဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဒေါ်မေလင်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

TruthZoneOnline
😱26😢10👍3🤔2❤1🙏1
September 3, 2026 943 2