ညောင်တုန်းမြို့နယ် ရေဘေးသင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား
စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ပတုပ်၊ သဇင်ရေကျော်၊ သဇင်၊ ပန်းဆိပ်နှင့် ဘဝသစ်ကျေးရွာများမှ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းများပြန်လည်သန့်ရှင်းရေး၊ ရေဘေးကြောင့် ပျက်စီး/မျောပါသည့် စာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပြန်လည်ထောက်ပံ့ရေး၊ သင်ခန်းစာနောက်ကျမှုမရှိစေရေး အစားထိုးသင်ကြားမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် ကျောပိုးအိတ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် မအူပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းများနှင့် ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline

18
9
2
1September 4, 2026 1.1K 2 2