ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်နိုင်ငံ၊… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ သင်တန်းသားများအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

TruthZoneOnline
❤26👍12🥰3💯2👏1
September 6, 2026 915 1