🇲🇲 Truth Zone Online 🇲🇲: post #36024 — TG.ME

မန္တလေးအလုပ်သမားဆေးရုံတွင် Ultrasound စက်အသစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

စက်တင်ဘာ ၆

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာများအတွက် Ultrasound စက်အသစ် တပ်ဆင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဆေးရုံ၌ အာမခံအလုပ်သမားများအား ကုသပေးနေမှု၊ Ultrasound ဖြင့် ရောဂါရှာဖွေမှုနှင့် ကျောက်ကပ်သွေးသန့်စင်ပေးမှုတို့ကို ကြည့်ရှုအားပေးကာ အလှူငွေများ ထောက်ပံ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။

ထို့ပြင် ပြင်ဦးလွင်ရှိ Burst Transmission Co., Ltd စက်ရုံနှင့် လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ECG စစ်ဆေးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးရှိပြီး အလုပ်သမားဆေးရုံကြီး၊ လူမှုဖူလုံရေးဆေးခန်း ၆ ခု၊ ဌာနကြီးဆေးခန်း ၅ ခုနှင့် စာချုပ်ဆေးခန်း ၆ ခုတို့မှ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမားများအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်း ၁၀၅ ဒသမ ၃၃၇ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍27❤3👏3