လှိုင်းဘွဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဆုပေးပွဲကျင်းပ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လှိုင်းဘွဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်တွင် အဆိုနှင့် တယောပြိုင်ပွဲများ၊ စက်တင်ဘာ ၆ ရက်တွင် အခြေခံပညာအဆင့်နှင့် ဝါသနာရှင်အဆင့် အကပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆုပေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍37❤1👏1
September 7, 2026 1K 1 1