လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက သောက်သုံးရေများစတင်ဖြန့်ဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့က ယမန်နေ့ စက်တင်ဘာ ၅ ရက်မှစတင်၍ သောက်သုံးရေများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် သောက်သုံးရေလိုအပ်သောနေရာများသို့ သောက်သုံးရေလီတာ(၁,၀၀၀)ကျော်ကိုဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ရပ်ကွက်/ကျေး ရွာများကိုလည်း ဆက်လက်ဖြန့်ဝေပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

TruthZoneOnline
👍30👏4🙏2❤1
September 6, 2026 611 1 1