အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။
ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့(အပြန်လမ်း)တွင်ဖြစ် သည်။
ထို့ကြောင့် ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ၍ နေပြည်တော်ဘက်မှလာသောယာဥ်များအနေဖြင့် လုပ်ငန်းခွင်အနီးရောက်ရှိချိန်၌ ဂရုတစိုက်အရှိန်လျှော့မောင်းနှင်ကြရန်နှင့် မိုးရွာနေချိန်/ညအချိန်များတွင် ပိုမိုသတိထား မောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။
TruthZoneOnline

15
1
1September 6, 2026 385 1