ရန်ကုန်မြိုတော်ဝန် ဒလမြိုနယ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်း၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဒလမြို့နယ်၊ ကမာကဆစ်ဈေးရှိ အသားငါးရောင်းချသည့် ဈေးရုံများနှင့် ပျံကျဈေးဆိုင်များအား စနစ်တကျသပ်ရပ်မှုဖြစ်စေရန် အဆင့်မြင့်ဈေးရုံများအဖြစ် တည်ဆောက်မည့်လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဈေးရုံများအဆင့်မြှင့်တင်တည်ဆောက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
မြို့တော်ဝန်ကဈေးရုံများ အဆင့်မြှင့်တင်တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေး သက်ဆိုင်ရဈေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန်၊ ဈေးရုံအဆောက်အဦများအား လေဝင်/ လေထွက်ကောင်းမွန်ရေး အလင်းရောင်ကောင်းစွာရရှိစေရေးအတွက် စနစ်တကျ ဒီဇိုင်းရေးဆွဲဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ကမာကဆစ်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အဆောက်အဦပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
27
4
4August 19, 2026 872 1 1

