အမရပူရမြို့နယ် ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ စက်တင်ဘာ ၄ ရက်မှ စတင်ကျင်းပမည်
မန္တလေး၊ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရတနာဂူစေတီတော်မြတ်ကြီး၏ ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ကို စက်တင်ဘာ ၄ ရက်မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားပွဲတော်နှင့် နတ်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်ဖူးမြော်နိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
TruthZoneOnline
29
5
1
1September 2, 2026 909 2 3





