ကလေးမြို့နယ် ဖောင်ကူးကျေးရွာမှ ရေဘေးသင့်ပြည်သူ ၂၄၈ ဦးကို… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ကလေးမြို့နယ် ဖောင်ကူးကျေးရွာမှ ရေဘေးသင့်ပြည်သူ ၂၄၈ ဦးကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့် ဒေသခံပြည်သူ ၂၄၈ ဦးကို နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းပေးခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍28🙏4👏2❤1🫡1
September 3, 2026 955 1