နီပေါနိုင်ငံ သဘာဝဘေးသင့်ပြည်သူများအတွက် မြန်မာအစိုးရ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲ ၈ တန် လှူဒါန်း
နီပေါ၊ စက်တင်ဘာ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသရှိ သဘာဝဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်များကို တပ်မတော်လေယာဉ် Y8 ဖြင့် ရန်ကုန်မှ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။
မြန်မာအစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများက နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနဝန်ကြီးထံ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲ ၈ တန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
လှူဒါန်းသည့် ပဲ ၈ တန်တွင် မတ်ပဲ ၅ တန်နှင့် ကုလားပဲ ၃ တန် ပါဝင်ပြီး သဘာဝဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်နှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။ နီပေါဝန်ကြီးက မြန်မာအစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပြီး ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
TruthZoneOnline

31
25
3
1
1September 3, 2026 273