တောင်ငူမြို့တွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

တောင်ငူမြို့တွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စက်တင်ဘာ ၂


တောင်ငူမြို့ အမှတ်(၂၂)ရပ်ကွက်အနီးတွင် ဩဂုတ် ၃၀ ရက် နံနက် ၄ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ပန်းအောင်(ခ)အောင်ပေ (၃၉ နှစ်) နှင့် မနော်ဌေးဌေးစိုး (၂၀ နှစ်) တို့ကို TOYOTA IPSUM နှင့် TOYOTA ALPHARD ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရှာဖွေမှုအတွင်း ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလို၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးအား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

TruthZoneOnline
👍30👏6❤2👌1
September 2, 2026 1K 2