အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း
အာဏာသိမ်းစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ကူညီခဲ့တယ် ဆိုပြီး နော်ဝေမှာရှိတဲ့ တယ်လီနောရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။
နော်ဝေရဲတပ်ဖွဲ့နဲ့ အမျိုးသားရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတို့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ တယ်လီနောရုံးချုပ်ကို စီးနင်းရှာဖွေခဲ့ပြီး မြန်မာအာဏာသိမ်းစစ်တပ်ဆီ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အကြိမ်ကြိမ် မျှဝေခဲ့မှု၊ အာဏာသိမ်းစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အပေါ် ကူညီမှု တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #နော်ဝေ #တယ်လီနော #ရာဇဝတ်မှု #အာဏာသိမ်းစစ်တပ် #WhatsHappeingInMyanmar
42
31
3September 17, 2026 2.5K 2