မြန်မာတဦးအပါအဝင် သင်္ဘောသား ၅ ဦး ဆိုမာလီဓားပြများ သတ်ဖြတ်
ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆
ဆိုမာလီပင်လယ်ဓားပြများဖမ်းဆီးထားသည့် Honor 25 ရေနံတင်သင်္ဘောကို မကယ်နိုင်မီ သင်္ဘောသား ၅ ဦးသတ် ဖြတ်ခံခဲ့ရကြောင်း ဆိုမာလီနိုင်ငံ၊ Puntland ရေကြောင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများအားကိုးကားပြီး The Maritime Executive သတင်းတွင် ယမန်နေ့က ဖော်ပြသည်။
သင်္ဘောသား ၁၇ ဦးအနက် သေဆုံးသူများမှာ မြန်မာနိုင်ငံသား သင်္ဘောအင်ဂျင်နီယာချုပ် ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ဖြစ်ကြပြီး အခြားသင်္ဘောသား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆိုမာလီဓားပြများ ဧပြီလကတည်းက ပြန်ပေးဆွဲဖမ်းဆီးထားသည့် Palau နိုင်ငံအလံတင် Honor 25 ရေနံတင်သင်္ဘောအား ဆိုမာလီနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သော Puntland ရေကြောင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည် စီးနင်းထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများမှာ သင်္ဘောအား ပြန်လည်ကယ်တင်မည့်စစ်ဆင်ရေးမတိုင်မီ အသတ်ခံရခြင်းဖြစ်ကြောင်း ရဲဘက်ကပြောသော်လည်း ဒေသတွင်းသတင်းအချို့တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြမှုများလည်းရှိနေသည်။
စစ်ဆင်ရေးအတွင်း ဆိုမာလီဓားပြများထဲက သံသယရှိသူ ၁၆ ဦးအား ဖမ်းမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများကို လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
34
11
11
4October 1, 2026 3.5K