ရန်ကုန်က တန်ဖိုးကြီးကွန်ဒိုများ အခန်းမအပ်၍ ဖြေရှင်းဖို့ ဝယ်သူတို့… — The Irrawaddy - Burmese — TG.ME

ရန်ကုန်က တန်ဖိုးကြီးကွန်ဒိုများ အခန်းမအပ်၍ ဖြေရှင်းဖို့ ဝယ်သူတို့ တောင်းဆို

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ တန်ဖိုးကြီးကွန်ဒိုစီမံကိန်း The Central မှ ၆နှစ်ကြာသည့်တိုင် ကြိုပွိုင့်ဝယ်ယူ ထားသူများအား အခန်းမအပ်သဖြင့် စက်တင်ဘာ ၂၉ ရက်က ကွန်ဒိုအရောင်းခန်းမ၌ ဝယ်ယူသူတချို့ စုဝေး သွားရောက်ကာ ဖြေရှင်းပေးရန် အော်ဟစ်တောင်းဆိုကြသည်။

The Central စီမံကိန်းမှာ အချက်အချာကျသည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်တွင်ရှိပြီး ကွန်ဒိုများ၏ တန်ဖိုးမှာ အခန်းအမျိုးအစားကိုလိုက်၍ ငွေကျပ်သိန်း ၁ သောင်းကျော်မှ သိန်း ၃ သောင်းကျော်အထိ ဈေးနှုန်းအသီးသီး ရှိကာ ကြိုပွိုင့်သွင့်ထားသူများမှာ ကျပ်သိန်း ၁ သောင်းကျော်မှ ၂ သောင်းခန့်အထိ ပေးသွင်းထားပြီးကြကြောင်း ဝယ်ယူသူများက ဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/01/416739.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ရန်ကုန်က တန်ဖိုးကြီးကွန်ဒိုများ အခန်းမအပ်၍ ဖြေရှင်းဖို့ ဝယ်သူတို့ တောင်းဆို
The Central ကွန်ဒိုစီမံကိန်းတွင် ၂၀၁၉ ခုနှစ်ကတည်းက အခန်းတန်ဖိုး ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပေးချေထားပြီးဖြစ်သော်လည်း အချိန်မီအခန်းမအပ်နိုင် သည့်အပြင် ဖောင်ဒေးရှင်းတည်ဆောက်မှုအဆင့်ပင် မရောက်သေး
👍47❤1
October 1, 2026 5.2K 4