လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အင်တာပိုက ဖမ်းဆီးပေးနိုင်သလား
ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆
သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တာဟာ ရာဇဝတ်မှု မဟုတ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ INTERPOL လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ဖမ်းဆီးပေးမှာ မဟုတ်ဘူးလို့ လွတ်လပ်တဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက တုံ့ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက် စစ်အစိုးရရဲ့ လွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ Myanmar Now နဲ့ ရန်ကုန်ခေတ်သစ်တို့လို လွတ်လပ်တဲ့သတင်းဌာနတွေက သတင်းသမားတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မတွေအရ အရေးယူထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီသတင်းဌာနတွေမှာလုပ်ကိုင်နေတဲ့သူတွေကို နိုင်ငံတကာရဲတပ်ဖွဲ့တွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့နဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။
https://youtu.be/gthMqpyaXJU
#မြန်မာ #ဧရာဝတီ #မီဒီယာ #INTERPOL #ASEANAPOL #WhatsHppensInMyanmar
YouTube
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အင်တာပိုက ဖမ်းဆီးပေးနိုင်သလား | The Irrawaddy
သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တာဟာ ရာဇဝတ်မှု မဟုတ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ INTERPOL လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ဖမ်းဆီးပေးမှာ မဟုတ်ဘူးလို့ လွတ်လပ်တဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက တုံ့ပြန်ပါတယ်။
အောက်တိုဘာ…

27
6October 8, 2026 2.1K 1