ဘန်ကောက်ရေကြီးမှု မြန်မာရွှေ့ပြောင်းတို့ အလုပ်အကိုင်ထိခိုက်မည်ကို… — The Irrawaddy - Burmese — TG.ME

ဘန်ကောက်ရေကြီးမှု မြန်မာရွှေ့ပြောင်းတို့ အလုပ်အကိုင်ထိခိုက်မည်ကို စိုးရိမ်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် ခရိုင် ၅၀ခန့်၌ ပြီးခဲ့သည့်ရက် မိုးကြီးရေလျှံမှုကြောင့် စီးပွားရေးလုပ်ငန်းများပျက်စီးကာ လုပ်ငန်းများ ရပ်နားထားရပြီး တချို့နေရာများ ရေပြန်ကျသွားပြီဖြစ်သော်လည်း လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ရေကြီးဒဏ် အဆိုးဆုံးခံရသည့် ဘန်ကပိရှိ စားသောက်ဆိုင်ဝန်ထမ်းတဦးက “ဆိုင်က ရေတက်တဲ့နေ့ကတည်းက ပိတ်ထားရတယ်။ ဆိုင်ကိုသွားတဲ့ လမ်းတလျောက်လည်း ရေတက်နေတော့ ရောက်အောင်သွားဖို့က မလွယ်ဘူး။ ပိုင်ရှင်ကလည်း မလာခိုင်းထားဘူး။ အလုပ်ပြန်ဆင်းဖို့ကလည်း အခုထိ မဆက်သွယ်သေးဘူးဆိုတော့ ဆိုင် ပြန်ဖွင့်နိုင်ပါ့မလားဆိုတာကို ပူပန်နေရတယ်” ဟု ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/01/416733.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ဘန်ကောက်ရေကြီးမှု မြန်မာရွှေ့ပြောင်းတို့ အလုပ်အကိုင်ထိခိုက်မည်ကို စိုးရိမ်
စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ဘန်ကောက်မြို့အပါအဝင် ခရိုင် ၄၈ ခုတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု ကြောင့် စီးပွားရေးအရ ဘတ် ၂၅ ဒသမ ၃၄၅ ဘီလီယံ ဆုံးရှုံးနိုင်ကြောင်း Rangsit တက္ကသိုလ် စီးပွားရေးပညာဌာနမှ တွဲဖက်ပါမောက္ခ အားတ် ပိဆန်ဝနစ် က ခန့်မှန်းတွက်ချက်ထားသည်။
👍38😭7❤1
October 1, 2026 3.1K 3