လုံခြုံမှု ကင်းမဲ့လာတဲ့ ရန်ကုန် (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၂၆
အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ ညမအိပ်တဲ့မြို့တော်လို့ တင်စားခံရတဲ့ ရန်ကုန်မြို့ဟာ လက်ရှိမှာတော့ လုံခြုံမှုကင်းမဲ့ပြီး ခြောက်ခြားစရာ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အတင်းအဓမ္မ စစ်သားစုဆောင်းမှု၊ ပေါ်တာဆွဲမှုတွေကြောင့် အရွယ်ကောင်းလူငယ်တွေဟာ နိုင်ငံခြားကို ထွက်ခွာဖို့ ကြိုးစားရုန်းကန်နေကြသလို၊ နေ့စဉ်နဲ့အမျှ လူငယ်တွေ ပျောက်ဆုံးနေတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
လူပျောက်တာအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ ပြန်ပေးဆွဲငွေညှစ်မှုတွေ၊ ဒုစရိုက်မှု နဲ့ လုယက်မှုတွေ များပြားလာတဲ့အတွက် မြို့ခံတွေဟာ စိုးရိမ်ပူပန်မှု အပြည့်နဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။
ရန်ကုန်က ဒေသခံတွေကတော့ ရန်ကုန်မှာနေနေရင်းနဲ့ စစ်တပ်အာဏာမသိမ်းခင်က လွတ်လပ်လုံခြုံခဲ့တဲ့ရန်ကုန်ကို ပြန်ပြီးလွမ်းဆွတ်တမ်းတနေကြပါတယ်။
https://youtu.be/H-_lgxl_PYY
#မြန်မာ #ဧရာဝတီ #ရန်ကုန် #ဒုစရိုက်မှု #WhatsHappensInMyanmar
YouTube
လုံခြုံမှု ကင်းမဲ့လာတဲ့ ရန်ကုန် (ရုပ်/သံ)
အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ ညမအိပ်တဲ့မြို့တော်လို့ တင်စားခံရတဲ့ ရန်ကုန်မြို့ဟာ လက်ရှိမှာတော့ လုံခြုံမှုကင်းမဲ့ပြီး ခြောက်ခြားစရာ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အတင်းအဓမ္မ စစ်သားစုဆောင်းမှု၊ ပေါ်တာဆွဲမှုတွေကြောင့် အရွယ်ကောင်းလူငယ်တွေဟာ နိုင်ငံခြားကို…

26
5
2September 9, 2026 2.7K 4