AA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင် အာရက္ခတပ်တော်… — The Irrawaddy - Burmese — TG.ME

AA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းတွေကပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ AA က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း ဧရာဝတီကို ပြောပါတယ်။

AA ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွနဲ့ ရသေ့တာင်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေတာဖြစ်ပြီး အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ သာသနိက အဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။

#မြန်မာ #ဧရာဝတီ #ရခိုင် #AA #WhatsHappensInMyanmar
😁22👎14👍5🤔2❤1
September 8, 2026 2.4K 3