ရေဦး တင်းတိမ်ရံရွာ ကားဝပ်ရှော့ ဗုံးကျ၊ ၇ ဦးသေဆုံး
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း၌ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တင်းတိမ်ရံရွာ ကားဝပ်ရှော့တခုပေါ် ဗုံးကျပြီး အမျိုးသမီးငယ်တဦးအပါ ဒေသခံ ၇ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တင်းတိမ်ရံရွာအား ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးသေဆုံးခဲ့ရသည့်အပြင် အမျိုးသား ၃ ဦးလည်းဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရေဦးနယ် အနောက်ခြမ်းဇုန် သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “အနီးကပ် ဒလန်သတင်းပေးတာကြောင့် မနေ့ ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၃ စီး၊ Mi35 နဲ့ပါ ၁၃ ကြိမ် ထက်မနည်း ဗုံးကြဲခဲ့တာ။ ကားဝပ်ရှော့မှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးငယ်တဦး အပါအဝင် ၇ ယောက်က ခေါင်းပြတ် ခြေပြတ်လက်ပြတ်ဖြစ်ပြီး နေရာမှာတင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရပါတယ်” ဟု ပြောသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှတက်လာသော ဂျိုင်ရိုကော်ပရာ ၃ စီးနှင့် Mi 35 ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကားဝပ်ရှော့ပျက်စီးခဲ့သလို စျေးဆိုင်ခန်းအချို့နှင့် မော်တော်ယာဉ် ၁၀ စီးထက်မနည်းပျက်စီးမှုရှိကာ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တင်းတိမ်ရံရွာသည် အိမ်ခြေတထောင်ကျော်ရှိ ကျေးရွာကြီးဖြစ်ကာ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏခံနေရသည့် ကျေးရွာလည်း ဖြစ်သည်။
ဓာတ်ပုံ- Htoo Khant Zaw
#WhatsHappeningInMyanmar
#RejectMilitaryCoup
24
8
7
3
2September 8, 2026 2.5K 2