ပုဏ္ဏားကျွန်း ကျောက်ဖြူ စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အကျအဆုံးများ လင်းသစ်၊… — The Irrawaddy - Burmese — TG.ME

ပုဏ္ဏားကျွန်း ကျောက်ဖြူ စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အကျအဆုံးများ

လင်းသစ်၊ စက်တင်ဘာ ၈၊ ၂၀၂၆

အာရက္ခတပ်တော် (AA) လက်ရောက် နယ်မြေများပြန်ရရန် စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အမည်ဖြင့် စက်တင်ဘာ ၄ ရက်မှ စ၍ စစ်တွေမြို့နယ်အစပ် ပုဏ္ဏားကျွန်းဘက်နှင့် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအကျော် ကျောက်ဖြူ- ရမ်းဗြဲ လမ်းဆုံ စနဲမြို့ဘက်သို့ တပြိင်နက် ထိုးစစ်ဆင်ရာ တိုက်ပွဲအစမှာပင် အထိနာပြီး နောက်ဆုတ်ရကြောင်း စစ်ရေးသတင်း ရင်းမြစ် များထံ က သိရသည်။

စစ်တွေမြို့နယ်၌ အမြင့်ကျွန်း (မင်းချောင်း) တံတား၊ ဝါဘိုကျွန်းနှင့် ရွှေမင်းဂံရေတပ်စခန်းအနီးတို့မှ စစ်ကြောင်း ၃ ကြောင်း နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်ကြောင်းနှစ်ကြောင်း အထိနာကာ နောက်ပြန်ဆုတ်ရပြီး ဝါဘိုကျွန်းအနီးမှ စစ်ကြောင်းသာ ကျန်တော့သည်ဟု ဆိုသည်။

AA နှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်တဦးက “အမြင့်ကျွန်းဘက်က တက်လာတဲ့ စစ်ကြောင်းကတော့ တော်တော်နာ သွားတယ်။ ပြန်လှည့်သွားကြပြီ။ အခု ဝါဘိုကျွန်းဘက်ကနေ တက်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် ခြေကုပ်ယူနိုင်ရန် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူများ အလွန်အကျွံ သုံး ထိုးစစ်ဆင်သော်လည်း တိုက်ပွဲပထမနေ့နှင့် ဒုတိယနေ့မှာပင် AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အမြင့်ကျွန်းတံတား နှင့် ရွှေမင်းဂံဘက်စစ်ကြောင်းတို့ အကျအဆုံးများ၊ အထိနာကာ နောက်ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးများနေပြီး အလောင်းများပင် ပြန်မကောက်နိုင်ဘဲ နောက်ပြန်ဆုတ်နေရကြောင်း AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် အမြင့်ကျွန်းရွာအနီး တိုက်ပွဲများငြိမ်နေပြီး ဝါဘိုကျွန်းဘက် တိုက်ပွဲပြင်းထန်ကာ ထိုတိုက်ပွဲအတွင်း စစ်တပ် အလောင်းနှစ်ဆယ်ဝန်းကျင် ရရှိ ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“စက်သေနတ်သံတွေ၊ လက်နက်ငယ်သံတွေ ညံနေတယ်။ ပထမ တရက်နှစ်ရက်ကတော့ ပိုကြားရတယ်။ မနေ့က တရက် သိပ်မကြားရဘူး။ ဒီနေ့ပြန်ကြားရတာ။ တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ စစ်တပ်က သူတို့ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကိုတောင် ပြန်မယူနိုင်ဘူး ပြေးလာရတယ် ပြောတယ်” ဟု စစ်တွေဒေသခံတဦးက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

အလားတူ ကျောက်ဖြူမြို့၌လည်း စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းမှ AA ထိန်းချုပ်ထားသည့် စနဲမြို့ဘက်သို့ စက်တင်ဘာ ၄ ရက် တရက်တည်းတွင် စစ်တွေမြို့နှင့် တပြိုင်တည်း ထိုးစစ်စခဲ့ပြီး AA ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ဆယ်ချီ ထိခိုက်သေဆုံးကာ နောက်ပြန်ဆုတ်သွားရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“ဒီနေ့ တိုက်ပွဲတောင် မရှိတော့ဘူး ဒီဘက်မှာ။ သုံးရက်လောက် ဖြစ်ခဲ့တယ် တိုက်ပွဲ၊ စစ်တပ်က အ၀တောင်နားမှာ တောင် သိပ်မကျန်တော့ဘူး နောက်ဆုတ်သွားရတာ။ စစ်တပ်က စထွက်လာတာနဲ့ AA က လက်နက်ကြီးတွေ၊ ဒရော့ဗုံးတွေနဲ့ရော မြေပြင်ကနေရော ဝိုင်းချတော့ တော်တော်နာသွားတယ်လို့သိရတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ရခိုင်ပြည်နယ် အတွင်း၌ ၄၉၂၆ စစ်ဆင်ရေးအဖြစ် ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးများ စတင်နေကာ AA အထိနာနေကြောင်း ဝါဒဖြန့် ရေးသားပြောဆိုနေကြသော်လည်း အစပိုင်းမှာပင် တပ်ဦးကျိုးပြန်ဆုတ်ခဲ့ရပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုသည်။

“ကြားရသလောက် အတုံးအရုန်းနဲ့ ပြန်လှည့်ရတယ်။ စစ်တပ်ဟာ ဘယ်လိုမှ တန်ပြန်ထိုးစစ်လုပ်လို့ အဆင်မပြေတော့ဘူး” ဟု ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောသည်။

စစ်တပ်သည် ကျောက်ဖြူ၊ စစ်တွေမြို့နယ်များတွင် မြေပြင်ထိုးစစ်များ ပြုလုပ်နေသလို တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် စစ်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာ၊ စာသင်ကျောင်း၊ ဘုရားပုထိုးများကိုလည်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိသည်။

“ဒီနေ့ ဗုံးကြဲတာ သုံးခေါက်ရှိပြီ။ လက်နက်ကြီးလည်း ဆယ်ချီနေပြီ” ဟု စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပေါက်တောမြို့ နယ် ဒေသခံတဦးက စက်တင်ဘာလ ၇ ရက်တွင် ပြောသည်။

စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရား ရဟန္တာ ၅၀၀ ဆင်းတုတော်များနှင့် မြို့ပေါ်ရှိ စာသင်ကျောင်း၊ နေအိမ်များလည်း ပျက်စီးခဲ့ရကာ ဒေသခံထောင်ချီမှာလည်း ရွာ၌ မနေရဲကြတော့ဘဲ ဘေးလွတ်ရာ ထပ်မံ တိမ်းရှောင်နေရသည်။

ပုဏ္ဏားကျွန်းဒေသခံ လယ်သမားတဦးက “လယ်တွေ လုပ်ထားတာ အကုန် ပစ်ပြီးပြေးနေရတယ်။ ရွာမှာ အစောင့်တောင် မနေရဲတော့ဘူး။ စစ်တွေဘက်က လက်နက်ကြီးနဲ့ မိုးရွာသလို ရွာချနေတာ ဘယ်သူနေရဲတော့မလဲ” ဟု ပြောသည်။

စစ်တပ်သည် ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အား လက်လွှတ်ထားရသဖြင့် အင်အား အလုံးအရင်းသုံးကာ AA ထိန်းချုပ်နယ်မြေများ တန်ပြန်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဂွမြို့နယ်တို့ရှိ AA ထိန်းချုပ်နယ်မြေများအား ထိုးစစ်ဆင်နေသလို ရခိုင်ရိုးမအရှေ့ဘက်ခြမ်းရှိ မကွေးတိုင်း မင်းတုန်း၊
❤25👍9
September 8, 2026 1.9K 2