မဲဆောက်ရှိ မြန်မာ ၅၀၀၀ ကျော်ကို စားသောက်ကုန်နှင့်ဆေးများ လှူဒါန်း
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ်ကုန်သည်ကြီး လုပ်ငန်းရှင်များနှင့် မြို့ခံများ စုပေါင်းဖွဲ့စည်းထားသည့် စုပေါင်းကုသိုလ်ပြုဖောင်ဒေးရှင်းသည် ယမန်နေ့က တရုတ်ဘုံကျောင်းလမ်းတွင် မြန်မာနိုင်ငံသား ၅၆၅၀ ဦးနှင့် သံဃာတော် ၆၅၀ ဦးအား အခြေခံစားသောက်ကုန်နှင့် ဆေးများ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းပွဲသို့ ရွှေ့ပြောင်း အလုပ်သမားများနှင့် အာဏာသိမ်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်ခိုလှုံနေကြသည့် မြန်မာများ ထောင်ချီတက်ရောက်ခဲ့ကြပြီး တဦးလျှင် ဆန် ၅ ကီလို၊ ခေါက်ဆွဲခြောက် ၄ထုပ်၊ ငါးသေတ္တာ ၄ဘူး၊ ဆေး ၄ထုပ် ၊ ဆား ၁ထုပ် ရရှိကြောင်း သိရသည်။
ဓာတ်ပုံ-Aung Aung
#WhatsHappeningInMyanmar
#RejectMilitaryCoup
23
10
1September 3, 2026 2.1K 1