အာကာသအေဂျင်စီ စစ်ဗိုလ်များနှင့် ဖွဲ့စည်း
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆
3D မြေပုံစနစ်များ၊ ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုခြင်းအပါအဝင် စောင့်ကြည့် ထောက်လှမ်းရေး ယန္တရား အားကောင်းစေရန် ရည်ရွယ်တည်ထောင်ထားသည့် မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ကို စစ်ဗိုလ်များဖြင့် ဖွဲ့စည်းခန့်အပ်ကြောင်း ပြန်တမ်းအရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် ပြုလုပ်သည့် အာဏာသိမ်းအစိုးရအဖွဲ့ အစည်းအဝေး အတည်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ၁၉ ဦးတို့အား မြန်မာအာကာသအေဂျင်စီ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများနှင့် ရုံး/ ဌာနကြီးများ၌ တာဝန် ထမ်းဆောင်ရန် ဇွန်လ ၃ ရက်တွင် စတင်ခန့်အပ်လိုက်သည်ဟု ဆိုသည်။
အာကာသသိပ္ပံနှင့် နည်းပညာဗျူရိုဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီး မျိုးထွန်းလှိုင်၊ အုပ်ချုပ်ရေး၊ စီမံရေးနှင့်မဟာဗျူဟာရေးဆွဲရေးဗျူရိုဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီး ဘဝင်အေးတို့ကို ဦးဆောင်ခန့်အပ်ထားသည်။
ထို့နောက် ဒုဗိုလ်မှူးကြီး ၄ ဦးကို ဌာနအသီးသီး၏ ညွှန်ကြားရေးမှူး (ဌာနမှူး)များအဖြစ် ခန့်အပ်ထားပြီး ဗိုလ်မှူး ၉ ဦး နှင့် ဗိုလ်ကြီး ၄ ဦးတို့အား ဒုတိယညွှန်ကြားရေးမှူး ( ဌာနခွဲမှူး )နှင့် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ မင်းအောင်လှိုင်၏ဘယ်လာရုစ် ခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သော အာကာသယာဉ်ငယ် (Earth Observation Satellite) တစင်း တည်ဆောက်ရေးဆိုင်ရာ မှတ်တမ်းလွှာ လက်မှတ်ရေးထိုးခဲ့သလို ရုရှားခရီးစဉ်တွင်လည်း အာကာသနည်းပညာနှင့် အာကာသယာဉ်မှူး စေလွှတ်ရေးတို့အတွက် နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့သေးသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
30
5
2
1September 3, 2026 1.7K 7