တပ်မိသားစုများ သတင်းတု သတင်းမှား မဖတ်ဖို့ တပ်ချုပ်ပြော ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

တပ်မိသားစုများ သတင်းတု သတင်းမှား မဖတ်ဖို့ တပ်ချုပ်ပြော

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆

ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမှ ဗန်းမော်ကိုတက်လာသည့် စစ်သင်္ဘောအုပ်စု ဒုတိယမြစ်ကျဉ်းတွင် ယမန်နေ့က အတိုက်ခံရပြီးနောက် ရာဂဏန်းရှိသည့် စစ်သားနှင့် မိသားစုများ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များထံ လက်နက်ချအဖမ်းခံလိုက်ရသည့် ရုပ်သံဖိုင်များ ပျံ့နှံ့နေချိန် စစ်တပ် မိသားစုဝင်များအား သတင်းတု၊ သတင်းမှားများကို မဖတ်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။

နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော (ကြည်း၊ ရေ၊ လေ) မှ တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ တပ်သားအစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယနေ့ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Mobile Phone သုံးစွဲမှုနှင့်အတူ လူမှုကွန်ရက်ပလက်ဖောင်းအသီးသီးတွင် သုံးစွဲမှုများသည်လည်း ပိုမိုများပြားလာကြောင်း၊ ထိုပလက်ဖောင်းမျိုးစုံရှိ သတင်းတု၊ သတင်းမှားများ ဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားသည့် အယူအဆအမှားများကတဆင့် လမ်းမှား၊ ဘဝပျက်ခဲ့ရသည့် လူငယ်များရှိနေသကဲ့သို့ လူငယ်များ၏ လောကနီတိဖွံ့ဖြိုးမှု၊ လူငယ်များ၏ စွမ်းရည်မြင့်မားရေးဆိုင်ရာ လေ့လာမှုအပိုင်းများတွင် စိတ်ပါဝင်စားမှုနှင့် လိုက်နာမှုများ တစတစ လျော့ပါးလာသည့် အနာဂတ်အန္တရာယ်များကို တွေ့မြင်နေရကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ဆိုရှယ်မီဒီယာများသုံးစွဲခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ပေးကြရန် ၊ စာဖတ်ခြင်းသည် တတ်မြောက်ထားသည့် အတန်းပညာများသာမက အသိပညာ၊ အတတ်ပညာများကိုပါ ပိုမိုရင့်သန်စေ၍ ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုခြင်းဝါသနာကို မွေးမြူကြရန်လည်း တိုက်တွန်းသွားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁38❤2👍2
September 3, 2026 1.9K 1