စစ်ရေယာဉ်များတိုက်ခိုက်ခံရပြီးနောက် KIA ထံ ရာနှင့်ချီ၍လက်နက်ချ… — The Irrawaddy - Burmese — TG.ME

စစ်ရေယာဉ်များတိုက်ခိုက်ခံရပြီးနောက် KIA ထံ ရာနှင့်ချီ၍လက်နက်ချ

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမှ ဗန်းမော်ကိုတက်လာသည့် စစ်သင်္ဘောအုပ်စု ဒုတိယမြစ်ကျဉ်းတွင် ယနေ့အတိုက်ခံရပြီးနောက် ရာဂဏန်းရှိသည့် စစ်သားနှင့် မိသားစုများ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များထံ လက်နက်ချအဖမ်းခံလိုက်ကြကြောင်း သိရသည်။

စင်းခန်းတံတားအောက်တွင် ဖမ်းမိထားသည့် စစ်သားများနှင့်အတူကလေးများ၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့ပါဝင်ကြောင်းလည်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍37❤11
September 2, 2026 2.2K 6